ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်
၁၃၈၄ ခုနစ်၊ တတိယအကြိမ်မြောက်

ဖားအောက်တောရဓမ္မဂရုက သာသနာလင်္ကာရ စာမေးပွဲ

ဝင်ခွင့်တောင်းလွှာ တင်ရန်

ကြေငြာချက်
 
၁။ ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ဘုရားကြီး၏ ဩဝါဒကို ခံယူ၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖားအောက်တောရစာသင်တိုက် (ထောက်ကြန့်)၌ နာယကနှင့် ဂဏဝါစကအဖွဲ့က (တတိယ) အကြိမ်မြောက် ဖားအောက်တောရဓမ္မဂရုကသာသနာလင်္ကာရစာမေးပွဲကို  ၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁, ၂, ၃ ရက် (၂၃, ၂၄, ၂၅-၁၁-၂၀၂၂) ရက်နေ့များတွင် ကျင်းပပြုလုပ်ပါမည်။

၂။ ၎င်းစာမေးပွဲ၌ အောင်မြင်သော ပုဂ္ဂိုလ်များအား ဖားအောက်တောရဆရာတော်ဘုရားကြီးကိုယ်တော်တိုင် လက်မှတ် ရေးထိုးထားသော ဖားအောက်တောရဓမ္မဂရုကသာသနာလင်္ကာရအကျော်ဘွဲ့လက်မှတ်နှင့် အောင်လက်မှတ်ကို ချီးမြှင့် မည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ဖားအောက်တောရရိပ်သာခွဲများရှိ စာဖြေပုဂ္ဂိုလ်များနှင့် နာယကအဖွဲ့က ဖြေဆိုခွင့်ပြုထားသည့် ပြင်ပ ကျောင်းတိုက်များရှိ စာဖြေပုဂ္ဂိုလ်များအနေဖြင့် ပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် အသီးအသီးတို့ကို အောက်ပါ သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ဖြေဆိုနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
 
သက်မှတ်ချက်များ
 
(က) ဝင်ရောက်ဖြေဆိုလိုသော ရဟန်း, သာမဏေ, သီလရှင် မည်သည့်ပုဂ္ဂိုလ်မဆို အသက်အကန့်အသတ်မရှိ ဝင်ရောက် ဖြေဆိုနိုင်ပါသည်။

(ခ) ဒုတိယဆင့်၊ တတိယဆင့် ဖြေဆိုမည့်ပုဂ္ဂိုလ်များသည် မိမိအောင်မြင်ထားပြီးသော အသင်းတစ်ခုခု၏ အောက်ဆုံး အဆင့် အောင်လက်မှတ်မိတ္တူကို ပူးတွဲတင်ပြရပါမည်။
 
(ဂ) ပထမဆင့်မှ စတင်ဖြေဆိုမည့်ပုဂ္ဂိုလ်များသည် ပထမဆင့် အောင်မြင်ပါက ဒုတိယဆင့်၊ တတိယဆင့်တို့ကို အစဉ်အတိုင်း ဆက်လက်ဝင်ရောက် ဖြေဆိုရပါမည်။

(ဃ) စာမေးပွဲအောင်/ရှုံး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း အောင်မှတ်သတ်မှတ်ထားပါသည်။
          ပထမဆင့် ။  ။ ပါဠိတော် အောင်မှတ် (၂၅) မှတ်၊ သဒ္ဒါ အောင်မှတ် (၅) မှတ်၊ သင်္ဂဟ အောင်မှတ် (၅) မှတ်၊ အောင်မှတ် (၄၀) မှတ်။
          ဒုတိယဆင့် ။  ။ ပါဠိတော် အောင်မှတ် (၃၀) မှတ်၊ သဒ္ဒါ အောင်မှတ် (၆) မှတ်၊ သင်္ဂဟ အောင်မှတ် (၆) မှတ်၊ အောင်မှတ် (၄၅) မှတ်။
          တတိယဆင့် ။  ။ ပါဠိတော် အောင်မှတ် (၃၅) မှတ်၊ သဒ္ဒါ အောင်မှတ် (၇) မှတ်၊ သင်္ဂဟ အောင်မှတ် (၇) မှတ်၊ အောင်မှတ် (၅၀) မှတ်။
 
မှတ်ချက်။        ။    ကြေညာချက်နှင့် ပတ်သက်၍ သိရှိလိုသည်များရှိခဲ့ပါက ဖားအောက်တောရဓမ္မဂရုကသာသနာလင်္ကာရအသင်း (ထောက်ကြန့်) ၏ အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
 
ဖုန်း ; 09 882282238, 09 882282248
Viber ; 09 882282238 (ဓမ္မဂရုကသာသနာလင်္ကာရအသင်း)
Facebook Page ; ဖားအောက်တောရဓမ္မဂရုကသာသနာလင်္ကာရအသင်း
 
မေတ္တာရပ်ခံချက်
 

ရက်စွဲ။    ။ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၄) ရက်
    (၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်)

(က) ကိုဗစ် ၁၉ ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး ကြောင်းလက်မှတ်များ  တပါတည်းယူဆောင်လာကြပါရန်နှင့် အခြားကူးစက်ရောဂါများရှိခဲ့ပါက ကြိုတင်အသိ ပေးပါရန်။


(ခ) စာမေးပွဲဖြေဆိုရန် ကျောင်းတိုက်သို့ ရောက်ရှိပါက မိမိသက်ဆိုင်ရာ တာဝန်ခံအထံ၌ ဖုန်းများအပ်နှံထားကြပါရန်။ (စာမေးပွဲကာလအတွင်း ဖုန်းကိုင်ဆောင်ခွင့် ပြုမည်မဟုတ်ပါ။)


(ဂ) ဝိကာလဘောဇနသိက္ခာပုဒ်ကို စောင့်စည်းကြရန်နှင့် သမဏသာရုပ္ပမဖြစ်စေနိုင်သော ကစားခြင်းစသော အပြုအမူ များ၊ အပြင်ထွက်ခြင်းများကို သည်းခံစောင့်ရှောက်ပေးကြပါရန်။

(ဃ) ဘုရားဝတ်တက်, ဩဝါဒခံယူမှုများကို အထူးဂရုပြုပေးကြပါရန်။

(င) ကျောင်းတိုက်က အခြေအနေအရ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာပေးကြပါရန်။

(စ) စာဖြေကြွရောက်လာသော သံဃာတော်များသည် အကြီးအမှူးတစ်ပါးသတ်မှတ်၍ ကျောင်းတိုက်သံဃာ့ရေးရာ ဌာနသို့ အမည်စာရင်း ပေးထားပါရန်။

(ဆ) နိဿဂ္ဂိပစ္စည်းများ ပါလာခဲ့ပါက စာမေးပွဲဖြေဆိုပြီးသည်နှင့် တပါတည်း ပြန်လည်ယူဆောင်သွားကြပါရန်။

         


                                                        နာယကနှင့် ဂဏဝါစကအဖွဲ့
ဖားအောက်တောရစာသင်တိုက် (ထောက်ကြန့်)
                                                        မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး



ဝင်ခွင့်တောင်းလွှာ တင်ရန်